Thursday, June 4, 2020

Xiaomi လား Redmi လား အတူတူပဲလား၊မတူဘူးလား (HZH)

Xiaomi လား Redmi လား အတူတူပဲလား၊မတူဘူးလား

ကိုယ်ကိုင်နေတဲ့ဖုန်းမှာ MI ဆိုတဲ့ တံဆိပ်လေးပါရင် Xiaomi လို့ပြောရမလား၊ Redmi လို့ ပြောရမလား တခါတခါ ခေါင်းကိုက်ရရော။ တကယ်လည်း Xiaomi နဲ့ Redmi က တူခဲ့ပါတယ်။ Xiaomi က ၂၀၁၁ မှာ ဖုန်းတွေ စမိတ်ဆက်ခဲ့ပြီးတော့ Redmi က သူရဲ့ ပထမဆုံးဖုန်းကို ၂၀၁၃ မှာ စခဲ့တာပါ၊ ဒါပေမဲ့ အဲ့တုန်းက Redmi က brand ရယ်လို့ သက်သက်မဟုတ်ဘဲ Xiaomi ရဲ့ ကနေထုတ်တဲ့ Budget smartphone series အနေနဲ့ ထွက်လာတာပါ။ စျေးလည်းအများကြီးမသုံးချင်ဘူး performance လည်း အသင့်အတင့်ရှိရမယ် စသဖြင့် အခြေခံလူတန်းစားတွေအတွက် ရည်ရွယ်ခဲ့လို့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ နာမည်စရလာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း Redmi Note 1 ကတည်းက သုံးတဲ့သူတွေ အနည်းငယ်တွေ့လာရပြီး အထူးသဖြင့် Redmi Note 3 မှာတော့ ဝက်ဝက်ကွဲစအောင်မြင်လာပါတယ်။ ဒီနေရာမှာ Redmi ရဲ့ ဖုန်းထုတ်တဲ့ပုံစံက Redmi ရယ် Redmi A ရယ် က entry-budget စျေးအနည်းဆုံးအနေနဲ့ ထွက်ပြီး Note နဲ့ Note pro ကိုတော့ အမြှင့်ဆုံးအနေနဲ့ ထုတ်ပါတယ်။ ဥပမာ Redmi Note 5 လို့ ထွက်ရင် သူ့ထက်ပိုမြှင့်တဲ့ Redmi Note 5 pro ရှိသလို သူ့ထက်စျေးပိုသက်သာပြီး performance လည်း နိမ့်တဲ့ Redmi 5, Redmi 5A တို့လည်း ထွက်ပါတယ်။ သို့သော်လည်း သူ့ရဲ့ brand naming ကတော့ နောက်ပိုင်းပိုရှုပ်လာပါတယ်။ အရင်က Note series က Redmi ရဲ့အမြှင့်ဆုံး series ဆိုပေမယ့် K20, K20 pro ကစလို့ သူရဲ့အမြှင့်ဆုံး series က K series ဖြစ်ပါတယ်။ ခေါင်းစဥ်နဲ့ပက်သက်တာပြန်သွားရရင် Xiaomi နဲ့ Redmi က အတူတူပဲလား၊ ၂၀၁၉ Redmi Note 7 ကို မိတ်မဆက်ခင်အထိ Redmi က Xiaomi ရဲ့ ဖုန်း series တစ်ခုသာဖြစ်ပါတယ်။ ၂၀၁၉ ကစလို့ Redmi ဟာ Xiaomi ရဲ့ brand အခွဲတစ်ခုအနေနဲ့ စရပ်တည်လာပါတယ်။ Brand တစ်ခုအဖြစ်ရပ်တည်လာပြီးနောက် သူ့အောင်မြင်မှုကလည်း တဟုန်ထိုး တက်လာပါတယ်။ Redmi Note 7, Note 7 pro, Redmi 7, Redmi 7A series တစ်ခုလုံးအောင်မြင်ခဲ့သလို ခွဲပြီးမှ စထုတ်ခဲ့တဲ့ K20, K20 pro ကလည်း အတော်လေးအောင်မြင်ခဲ့ပါတယ်။ ၂၀၁၉ လလယ်မှာ ထွက်လာတဲ့ Redmi Note 8, Note 8 pro, Redmi 8 နဲ့ Redmi 8A တို့ဟာလည်း အောင်မြင်ခဲ့ပါတယ်။ K series က K30 series တွေလည်း အောင်မြင်ပါတယ်။ အခုဆိုရင် Redmi Note 9 (Redmi 10X), Redmi Note 9 pro (Redmi Note 9S) နဲ့ Redmi Note 9 pro max ဆိုပြီးတော့လည်း မိတ်ဆက်ထားပြီး ဖြစ်ပါတယ်။ Xiaomi နဲ့ Redmi နဲ့က brand ခွဲထားပြီဖြစ်ပေမယ့် ဖုန်း series မှာ ရောယှက်နေတာတွေလည်း ရှိပါတယ်။ ဥပမာ Redmi ရဲ့ K20 ကို နိုင်ငံတကာမှာရောင်းရင် Xiaomi Mi 9T လို့ ရောင်းပါတယ်။ တကယ်တော့ အဲ့ ၂ လုံးက အတူတူပါပဲ။ Redmi K 30 နဲ့ Xiaomi ရဲ့ Pocophone F2 နဲ့က အတူတူပါပဲ။ ဒါ့အပြင် Xiaomi က Black Shark ဆိုတဲ့ နာမည်နဲ့ Gaming phone တွေ ထုတ်ပါသေးတယ်။ များပြားရှုပ်ထွေးလှတဲ့ brand name တွေကြားမှာ Xiaomi နဲ့ Redmi ကို ရောနေရင် Xiaomi နဲ့ Redmi ဟာ ၂၀၁၉ အထိ မခွဲသေးပါဘူး၊ Redmi Note 7 ကနေ နောက်ထွက်သမျှ Redmi ဖုန်းတွေကတော့ Redmi brand သက်သက်ခေါ်လို့ရပါပြီ။ ကျွန်တော်ကတော့ Redmi Note 5 ဖြစ်တာမို့ မင်းဘာဖုန်းကိုင်လဲမေးရင် Xiaomi ရဲ့ Redmi Note 5 လို့ ဖြေရမှာပေါ့ခင်ဗျာ။

HZH

Tuesday, May 26, 2020

ဈေးအချိုဆုံး 5G ဖုန်းများအကြောင်း (HZH)


မြန်မာမှာတော့ 5G မရသေးပေမယ့် 5G ဖုန်းတွေကတော့ ၂၀၂၀ မှ ဆက်တိုက်ထွက်လာနေပါတယ်။
ဒီနေ့မှာတော့  စျေးအချိုဆုံး 5G ဖုန်း ၂ လုံးကို ပြောပြပေးပမယ်။
အရင်ဆုံး အရင်ထွက်ပြီး စျေးကွက်ထဲမှာ ဝယ်လို့ရနေပြီဖြစ်တဲ့ Redmi K 30 5G ကို သူရဲ့ နောင်တော် K 30 4G နဲ့ ယှဥ်ကြည့်မယ်နော်။

1) Redmi K30 5G (၃သိန်း၈ထောင်)
Redmi ကတော့ Note 7 ကစလို့ Xioami ကနေ ခွဲထွက်ပြီးတဲ့နောက်ပိုင်း ဖုန်းစျေးကွက်မှာ Surprise စျေးတွေနဲ့ product ကောင်းကောင်းတွေ အင်တိုက်အားတိုက်ထုတ်နေတာပါ။ Note 7 မှာ အဲ့တုန်းက ဘယ်သူမှမသုံးဖူးသေးတဲ့ 48 MP camera ကို သုံးပြသွားပြီးတော့ ​စျေးကွက်မှာ Hot သွားခဲ့သလို အခု K30 5G မှာလည်း 5G ကို ၃ သိန်းဆိုတဲ့စျေးနဲ့ပေးပြီး Surprise လုပ်လိုက်ပြန်ပါပြီ။ သူရဲ့နောင်တော် K30 4G ကတည်းက Design ပိုင်းကလည်း လှခဲ့ပြီးတော့ သူနဲ့ပုံစံတူ K30 5G မှာတော့ White အရောင်လေးပိုတိုးလာပါတယ်။ သူရဲ့ အဖြူကတော်တော်ကို လှတာပါ။ K 30 နဲ့ အကုန်နီးပါးတူပါတယ်။ မတူတာတစ်ခုကတော့ Chipset မှာ K 30 မှာက Snapdragon ရဲ့ 730G 8nm ကို သုံးထားပြီးတော့ K30 5G မှာက အခုခေတ်စားနေတဲ့ Snapdragon 765 (7nm) ကို သုံးထားလို့ K 30 5G က K 30 ထက် performance ပိုကောင်းပါတယ်။ အများကြီးတော့ မကွာပါဘူးတဲ့။ Design မှာတော့ K 30 တုန်းကလိုပဲ 6.67 " မျက်နှာပြင်ကို 20:9 ratio နဲ့ပါ။ ရှေ့မှာက Punch hole Design နဲ့လာတယ်။ Resolution ကတော့ 1080×2400 pixels ကိုမှာ LCD မျက်နှာပြင်။ AMOLED မဟုတ်တဲ့အတွက်တော့ Underscreen finger print တော့ ရမှာမဟုတ်ပါ။ side-mounted fingerprint နဲ့လာတယ်။ ကင်မရာက အထားအသို Design ကတော့ ပုံမှာမြင်ရတဲ့အတိုင်းပါ။ နောက်မှာ ၄ လုံးပါမယ်။ Main sensor က K 30 လိုပဲ 64 MP၊ Ultrawide အတွက် 8 MP တစ်လုံး၊  Macro 5 MP တစ်လုံးနဲ့ Depth sensor 2 MP ပါမယ်။ Slefie အတွက်က Punch hole ထဲမှာ 20 MP တစ်လုံးနဲ့ Depth 2 MP တစ်လုံး ၂ လုံးပါမယ်။ ကင်မရာကတော့ သူ့စျေးတန်းမှာ ကောင်းတဲ့အထဲမှာပါတယ်လို့ reviewer တွေက ပြောကြပါတယ်။ Battery ကတော့ K30 ရော K 30 5G ရောမှာ 4500 mAh ပါတယ်။ ဒါပေမယ့် fast charging မှာ K30 5G က 30 W အထိ ထောက်ပံ့ပေးထားပြီးတော့ K 30 မှာက 27 W ပဲရမယ်။ K 30 5G က 0 to 100 ကို 57 min နဲ့ပြည့််မယ်၊ K 30 က 68 min အတွင်းပြည့်မယ်။ ဆိုတော့ အများကြီးဆင်တူတဲ့ K 30 နဲ့ K 30 5G ဘယ်ကောင်ကို ဝယ်ကြမလဲ စိတ်ကူးယဥ် ရွေးကြည့်ရအောင်၊ စျေးနဲ့တချက်စဥ်းစားမယ်။ K 30 က RAM  6GB၊ ROM 128 GB ကို ၃သိန်း၃သောင်း
RAM  8 GB၊ ROM 128 ကို ၃ သိန်း၅သောင်း၅ထောင် ပါ။ K 30 5G ကတော့ RAM 6 GB ROM 64GB  version ကို ၃သိန်း၈ထောင်ပါ။ ကျွန်တော်သာ ပိုက်ဆံရှိပြီး 😁 ရွေးရမယ်ဆိုရင်တော့ ပိုခေတ်မီနေမယ့် K 30 5G ရဲ့ RAM 6 GB ROM 64 GB လေးကို ငွေအနည်းငယ်သက်သာသက်သာ ရွေးမိမှာ ဖြစ်ပါတယ်။ K 30 ကလည်း ညီအစ်ကိုတွေက ပေါမှပေါပါ။ K 30 pro လည်းရှိသလို K30 pro Zoom Edition လည်း ရှိပါတယ်။ K30  5G Racing  (သူက Snapdragon 768 နဲ့ပါ) ဆိုပြီးလည်း ထွက်ထားသိလို  K 30i လည်း ထွက်မယ်လို့ ကြားထားပါတယ်။ ဘာပဲပြောပြော 5G ကို ၃ သိန်းစျေးနဲ့ပေးနေတာ လောလောဆယ် Redmi ပဲရှိပါသေးတယ်။ နောက်ထပ် စျေးချိုတဲ့ 5G ဖုန်းတစ်လုံးကိုလည်း ဆက်ရေးပေးပါမယ်။

Thursday, October 3, 2019

Mi 5



ဒီနေ့ပြောပြပေးသွားမှာကတော့ English နဲ့တော့ မဆိုင်ပါဘူး။ ပိုက်ဆံအများကြီးမသုံးဘဲနဲ့ လူတန်းစေ့သုံးနိုင်မယ့် ဖုန်းလေးတွေအကြောင်း ပြောပြပေးသွားမှာပါ။
အခုခေတ် ဖုန်း Company တွေက အပြိုင်အဆိုင် ဖုန်းတွေထုတ်နေသလို ဖုန်းမှာပါလာတဲ့ Specification တွေ Function တွေကလည်း အံ့မခန်းကြောက်စရာကောင်းလောက်အောင်ကို တိုးတက်လာနေတယ်။ ဒါပေမယ့် ပြဿနာက ပိုက်ဆံပါပဲ။ ကင်မရာ Performance Display  Design စတဲ့ ဖုန်းတစ်လုံးရဲ့ အရေးပါတဲ့ feature တွေကို လူတန်းစေ့ကိုင်နိုင်ချင်ရင်တော့ အနည်းဆုံး ၂ သိန်းနဲ့ အထက်ငွေပမာဏသုံးမှကို ရမှာပါ။ အခု ကျွန်တော်ပြောပြပေးမှာက ငွေလည်း ၁ သိန်း နဲ့ ၂ သိန်းကြားပဲ သုံးမယ်၊ ခုနကပြောခဲ့တဲ့ feature တွေလည်း စုံရမယ် အဲ့လိုဖုန်းမျိုးကို ဘယ်လို ဝယ်မလဲ ဘယ်မှာဝယ်မလဲ ဘယ်လိုမျိုးဖုန်းလဲ ဆိုတာကို ပြောပြပေးမှာပါ။

(1) Mi 5
Mi 5 ဆိုတာ Xiaomi က ၂၀၁၆ ဖေဖော်ဝါရီလမှာ launch လုပ်ခဲ့တဲ့ သူတို့ရဲ့ Mi series ထဲက ၅ လုံးမြောက် flagship ဖုန်းဖြစ်ပါတယ်။ flagship ဆိုတာက Company တစ်ခုရဲ့ အရေးပါဆုံး အကောင်းဆုံးထုတ်ကုန်လို့ အဓိပ္ပါယ်ရတာနဲ့အညီ ဖုန်းကုမ္ပဏီတွေဟာ သူတို့ရဲ့ နည်းပညာသစ်တွေကို အပြိုင်အဆိုင်ထည့်သွင်းကြတဲ့ ပညာပြကြတဲ့ဖုန်းတွေမို့ Mi 5 ဟာလည်း သူ့ခေတ်သူ့အခါက အကောင်းဆုံးဆိုတဲ့ feature တွေကို ထည့်သွင်းထားခဲ့တဲ့ဖုန်းတစ်လုံးပါ။ အဲ့ဒီဖုန်းက ၃ နှစ်​ကျော်အကြာမှာ စျေးကွက်ထဲမှာ မရှိတော့ပေမယ့် ကုမ္ပဏီလက်ကျန်ဖုန်းများကို စျေးနည်းနည်းနဲ့ ရောင်းပေးရင် ဝယ်သင့်လား၊ အခုရောင်းနေတဲ့ ၁ သိန်း၃သောင်း၅ထောင်ဆိုတဲ့ စျေးနဲ့ဆိုရင် ဝယ်သင့်သေးလား၊ သို့မဟုတ် အဲ့စျေးတန်းက ၂၀၁၉ ထွက် budget phone ကိုပဲ ရွေးမလားဆိုတာ ဆွေးနွေးသွားပါ့မယ်။
အရင်ဆုံး Design ပိုင်းကို စပြောရရင် screen size က ၅.၁၅ လက်မ ပဲရှိလို့ ၂၀၁၉ ဖုန်းတွေနဲ့ဆိုရင် အတော်ကို သေးသွားပြီလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် One-handed user တွေအတွက်ကတော့ တော်တော်ကို ကိုင်လို့ကောင်းတဲ့ဖုန်းပါ။ ရှေ့နောက် ၂ ဖက်စလုံးကို Gorrila Corning Glass 4 နဲ့ အုပ်ပေးထားတယ်၊ Aluminium Frame ဆိုတော့ ဒီဇိုင်းပိုင်းကတော့ တော်တော်လေးကို လှပါတယ်၊ Resolution က 1080 × 1920 ဆိုတော့ Full HD resoultion ဖြစ်ပါတယ်။ Xioami ရဲ့ စျေးနည်း brand အခွဲ ဖြစ်တဲ့ Redmi မှာတောင် အဲ့စျေးတန်းမှာ Full HD မရပါဘူး။ ဒါကြောင့် Dislplay နဲ့ Resolution မှာ အခုစျေးနဲ့ဆို အတော်ကို တန်တဲ့ဖုန်းပါ။ ဒါပေမယ့် ၂၀၁၆ ထွက်ဖုန်းဖြစ်တာနဲ့အညီ 16:9 ratio ပဲဖြစ်တာမို့ ၂၀၁၈ က စလာခဲ့တဲ့ notch တွေ waterdrop ဘာညာသရကာတွေတော့ မပါပါဘူး၊ ရိုးရိုးပါပဲ။ ဒါက ခေတ်နောက်ကျခဲ့ပြီလို့ ဆိုနိုင်ပေမယ့် Notch ကို မကြိုက်တဲ့သူတွေ အတွက်ကတော့ ရွေးချယ်စရာဖြစ်နေဦးမှာပါ။ Redmi ကပဲ ထုတ်ထားတဲ့ ၂၀၁၈ ထွက် entry level budget ဖုန်းတစ်လုံးဖြစ်တဲ့ Redmi Go မှာလည်း ရိုးရိုး 16:9 ratio ပဲ သုံးထားတာမို့ သိပ်တော့လည်း နောက်မကျသေးဘူးလို့ ဖြေတွေးရင်တော့လည်း ရပါတယ်။
နောက် ကင်မရာအကြောင်းကို ပြောရရင် သူ့မှာသုံးထားတာက 16 MP တစ်လုံးထဲဖြစ်ပြီး f/ 2.0 နဲ့ 2160P resolution ရှိတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာပါ။ ၂၀၁၆ ထွက်ဆိုတော့ကား အဲ့တုန်းက Smartphone တွေမှာ Dual Camera Setup မသုံးကြသေးတာမို့ ၂၀၁၇ လောက်က စခေတ်စားလာတဲ့ Dual Camera တွေနဲ့ ယှဥ်ရင်တော့ နည်းနည်းနောက်ကျတယ်ဆိုပေမယ့် Mi 5 ဟာ flagship level ဖုန်းတစ်လုံးဆိုတာတော့ အမှတ်ရနေရမှာပါ။ ဆင်ပိန်ကျွဲလောက်မကတဲ့ photo quality တွေကို ရိုက်ပေးနိုင်တာမို့ ၁ သိန်း ၃ သောင်းဆိုတဲ့ စျေးတန်းထဲက ဖုန်းအားလုံးထက်တော့ အပြတ်အသတ် သာနေမှာပါ။ ဒီနေရာမှာ ၂၀၁၆ တုန်းက Dual Camrea Setup ခေတ်မစားသေးဘူးဆိုပေမယ့် Redmi pro ဆိုတဲ့ဖုန်းမှာတော့ Dual Camera စသုံးခဲ့ပါတယ်၊ ခေတ်မစားခဲ့တာပါ။ Xiaomi မှာ Dual Camera နဲ့ နာမည်ရခဲ့တဲ့ ဖုန်းက Mi 5X ဖြစ်ပြီး Redmi series ထဲမှာတော့ အခုကျွန်တော်ကိုင်နေတဲ့ Redmi Note 5 ပါ။ 😁
Mi 5 အကြောင်း ပြန်ပြောရရင်တော့ Selfie မှာ 4MP ပဲ သုံးထားတယ်ဆိုပေမယ့်  photo quality က တအားကြီး ညံ့နေမှာမျိုး မဟုတ်ပါဘူး။ ဆိုတော့ ကင်မရာပိုင်းမှာ တပ်ဆင်မှု Setup ပိုင်းအရ ခေတ်နောက်ကျနေပေမယ့် Quality အနေနဲ့ကတော့ ခေတ်မီနေဆဲ ဖုန်းတစ်လုံးပါ။
နောက် ဆက်ပြောမှာက သူရဲ့ SOC ပါ။ သူ့မှာ သုံးထားတာက Snapdragon 852 ဖြစ်ပြီး 14nm ပါ။ မျက်စိမမှားပါဘူး၊ မှန်ပါတယ်။ ဒီအပိုင်းမှာတော့ သူက ခေတ်နောက်မကျရုံမက ၂ သိန်းကျော် Xiaomi ထဲက ဖုန်းတွေထက်တောင် CPU performance မှာ သာနေတုန်းပါ။ Snapdragon SOC တွေကို ၂ သိန်းကျော် စျေးတန်းမှာ သိပ်မြင့်မြင့်သုံးမပေးနိုင်တဲ့ တခြားဖုန်း Brand တွေထက်ကို အနည်းငယ်သာနေဦးမှာပါ။ 14nm ချင်းတူတဲ့ ကျွန်တော့်ရဲ့ Redmi note 5 မှာသုံးထားတဲ့ Sanpdragon 636 ထက်တောင် performance မှာ အများကြီး သာပါသေးတယ်။ (so sad)
RAM အနေနဲ့ 3GB RAM နဲ့ internal memory က 32GB နဲ့ 64GB ဆိုပြီး ၂ မျိုးလာပါတယ်။ ၁ သိန်း ၃ သောင်းတန်းမှာ RAM 2GB နဲ့ ROM 16GB လောက်ပဲ ရတတ်တာမို့ ဒီစျေးနဲ့ဆို အတော်ကို တန်နေပါပြီ။
Battery ကတော့ 3000 mAh ဆိုပေမယ့် ၅.၁၅ လက်မ ဖုန်းလေးမှာ ဒီ battery ပမာဏက လက်ခံပေးလို့ရပါတယ်။ တနေ့လုံးအားမခံခဲ့ရင်လည်း မပူပါနဲ့၊ 18W first charging Quick Charge 3.0 မို့ အားသွင်းတာလည်း မြန်ဦးမှာပါ။ ၁ သိန်း၃သောင်းတန်းစျေးမှာ ဘယ်ဖုန်းမှာမှ မရပါ။ပြီးတော့ Type C Charger နဲ့ပါ၊ ၁ သိန်း၃သောင်းစျေးမှာ Type C ရတာ ဒီဖုန်းပဲ ရှိမှာပါ။ ပြီးတော့ 3.5 mm headphone jack ကလည်း ပါသေးတာမို့ နားကြပ်ထိုးဖို့ကလည်း တခြား Type C ဖုန်းတွေလို အလုပ်မများပါ။ Speaker ကတော့ Monospeaker ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ၂ သိန်း ကျော် ၃ သိန်း ၄ သိန်း ဖုန်းတွေမှာတောင် Sterero Speaker ရတဲ့ဖုန်းက လက်ချိုးရေလို့ ရပါတယ်။ ဒီနေရာမှာ ချွင်းချက်အနေနဲ့ Nokia ရဲ့ 2.1 ဖုန်းလေးမှာတော့ ၁ သိန်းကျော်နဲ့ Stereo Speaker လာရနေပါတယ်။ Fingerprint sensor က ရှေ့ Homescreen မှာ ဖြစ်ပါတယ်။ ပြောဖို့ကျန်သွားတာက သူ့ရဲ့ weight ပါ။ ၁၂၉ ဂရမ်ပဲ ရှိပါတယ်။ ပေါ့ပေါ့ပါးပါး ၂ ဖက်လုံး Galss အုပ်ထားတဲ့ ပြောင်ပြောင်လက်လက် ကြွကြွရွရွဖုန်းလေးကို သိပ်ခေတ်နောက်မကျသေးတဲ့ Specification တွေနဲ့ ၁ သိန်း၃သောင်းပေးရတာ တန်လွန်းနေပါပြီ။ ၂ သိန်းကျော် ၃ သိန်း တတ်နိုင်သူတွေကတော့ အခုနောက်ဆုံးပေါ် Midrange level တွေ စဥ်းစားနိုင်ပေမယ့် ၁ သိန်းကျော်လောက်ပဲ သုံးမယ်ဆို ကျွန်တော်ကတော့ entry level perfomance နိမ့်တဲ့ဖုန်းတွေအစား ဒီလို နန်းကျဘုရင်တွေကို ဝယ်သင့်တယ်လို့ ပြောရင်း နောက်နေ့မှာလည်း တခြား ၁ သိန်းကျော်နဲ့ ရနိုင်မယ့် နန်းကျဘုရင်လေးတွေအကြောင်း ဆက်ရေးပါဦးမယ်။
ခုနကဖုန်းကို ဝယ်ချင်ရင်တော့ ဒီ link မှာ သွားကြည်ပါ။

https://www.facebook.com/184192695656056/posts/561229414619047/