Thursday, June 4, 2020

Xiaomi လား Redmi လား အတူတူပဲလား၊မတူဘူးလား (HZH)

Xiaomi လား Redmi လား အတူတူပဲလား၊မတူဘူးလား

ကိုယ်ကိုင်နေတဲ့ဖုန်းမှာ MI ဆိုတဲ့ တံဆိပ်လေးပါရင် Xiaomi လို့ပြောရမလား၊ Redmi လို့ ပြောရမလား တခါတခါ ခေါင်းကိုက်ရရော။ တကယ်လည်း Xiaomi နဲ့ Redmi က တူခဲ့ပါတယ်။ Xiaomi က ၂၀၁၁ မှာ ဖုန်းတွေ စမိတ်ဆက်ခဲ့ပြီးတော့ Redmi က သူရဲ့ ပထမဆုံးဖုန်းကို ၂၀၁၃ မှာ စခဲ့တာပါ၊ ဒါပေမဲ့ အဲ့တုန်းက Redmi က brand ရယ်လို့ သက်သက်မဟုတ်ဘဲ Xiaomi ရဲ့ ကနေထုတ်တဲ့ Budget smartphone series အနေနဲ့ ထွက်လာတာပါ။ စျေးလည်းအများကြီးမသုံးချင်ဘူး performance လည်း အသင့်အတင့်ရှိရမယ် စသဖြင့် အခြေခံလူတန်းစားတွေအတွက် ရည်ရွယ်ခဲ့လို့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ နာမည်စရလာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း Redmi Note 1 ကတည်းက သုံးတဲ့သူတွေ အနည်းငယ်တွေ့လာရပြီး အထူးသဖြင့် Redmi Note 3 မှာတော့ ဝက်ဝက်ကွဲစအောင်မြင်လာပါတယ်။ ဒီနေရာမှာ Redmi ရဲ့ ဖုန်းထုတ်တဲ့ပုံစံက Redmi ရယ် Redmi A ရယ် က entry-budget စျေးအနည်းဆုံးအနေနဲ့ ထွက်ပြီး Note နဲ့ Note pro ကိုတော့ အမြှင့်ဆုံးအနေနဲ့ ထုတ်ပါတယ်။ ဥပမာ Redmi Note 5 လို့ ထွက်ရင် သူ့ထက်ပိုမြှင့်တဲ့ Redmi Note 5 pro ရှိသလို သူ့ထက်စျေးပိုသက်သာပြီး performance လည်း နိမ့်တဲ့ Redmi 5, Redmi 5A တို့လည်း ထွက်ပါတယ်။ သို့သော်လည်း သူ့ရဲ့ brand naming ကတော့ နောက်ပိုင်းပိုရှုပ်လာပါတယ်။ အရင်က Note series က Redmi ရဲ့အမြှင့်ဆုံး series ဆိုပေမယ့် K20, K20 pro ကစလို့ သူရဲ့အမြှင့်ဆုံး series က K series ဖြစ်ပါတယ်။ ခေါင်းစဥ်နဲ့ပက်သက်တာပြန်သွားရရင် Xiaomi နဲ့ Redmi က အတူတူပဲလား၊ ၂၀၁၉ Redmi Note 7 ကို မိတ်မဆက်ခင်အထိ Redmi က Xiaomi ရဲ့ ဖုန်း series တစ်ခုသာဖြစ်ပါတယ်။ ၂၀၁၉ ကစလို့ Redmi ဟာ Xiaomi ရဲ့ brand အခွဲတစ်ခုအနေနဲ့ စရပ်တည်လာပါတယ်။ Brand တစ်ခုအဖြစ်ရပ်တည်လာပြီးနောက် သူ့အောင်မြင်မှုကလည်း တဟုန်ထိုး တက်လာပါတယ်။ Redmi Note 7, Note 7 pro, Redmi 7, Redmi 7A series တစ်ခုလုံးအောင်မြင်ခဲ့သလို ခွဲပြီးမှ စထုတ်ခဲ့တဲ့ K20, K20 pro ကလည်း အတော်လေးအောင်မြင်ခဲ့ပါတယ်။ ၂၀၁၉ လလယ်မှာ ထွက်လာတဲ့ Redmi Note 8, Note 8 pro, Redmi 8 နဲ့ Redmi 8A တို့ဟာလည်း အောင်မြင်ခဲ့ပါတယ်။ K series က K30 series တွေလည်း အောင်မြင်ပါတယ်။ အခုဆိုရင် Redmi Note 9 (Redmi 10X), Redmi Note 9 pro (Redmi Note 9S) နဲ့ Redmi Note 9 pro max ဆိုပြီးတော့လည်း မိတ်ဆက်ထားပြီး ဖြစ်ပါတယ်။ Xiaomi နဲ့ Redmi နဲ့က brand ခွဲထားပြီဖြစ်ပေမယ့် ဖုန်း series မှာ ရောယှက်နေတာတွေလည်း ရှိပါတယ်။ ဥပမာ Redmi ရဲ့ K20 ကို နိုင်ငံတကာမှာရောင်းရင် Xiaomi Mi 9T လို့ ရောင်းပါတယ်။ တကယ်တော့ အဲ့ ၂ လုံးက အတူတူပါပဲ။ Redmi K 30 နဲ့ Xiaomi ရဲ့ Pocophone F2 နဲ့က အတူတူပါပဲ။ ဒါ့အပြင် Xiaomi က Black Shark ဆိုတဲ့ နာမည်နဲ့ Gaming phone တွေ ထုတ်ပါသေးတယ်။ များပြားရှုပ်ထွေးလှတဲ့ brand name တွေကြားမှာ Xiaomi နဲ့ Redmi ကို ရောနေရင် Xiaomi နဲ့ Redmi ဟာ ၂၀၁၉ အထိ မခွဲသေးပါဘူး၊ Redmi Note 7 ကနေ နောက်ထွက်သမျှ Redmi ဖုန်းတွေကတော့ Redmi brand သက်သက်ခေါ်လို့ရပါပြီ။ ကျွန်တော်ကတော့ Redmi Note 5 ဖြစ်တာမို့ မင်းဘာဖုန်းကိုင်လဲမေးရင် Xiaomi ရဲ့ Redmi Note 5 လို့ ဖြေရမှာပေါ့ခင်ဗျာ။

HZH